MUCTR

Chemistry Knowledge Base

ဒြပ်စင်များကို အလှည့်ကျနိယာမ အရ ဇယားတွင် အုပ်စုးများနှင့် အပိုင်းများ အဖြစ် စနစ်တကျ စီစဉ်ချထားဖြင်းဖြင့် ဒြပ်စင်အချင်းချင်း အလျားလိုက် ထောင်လိုက် နှင့် ထောင့်ဖြတ်လိုက် ဆက်စပ်မှုတို့ကို မန်းဒယ်လီးယပ် ဖော်ပြခဲ့သည်။
မန်းဒယ်လီးယပ် သည် သူ၏ အလှည့်ကျဇယားတွင် ကယ်လ်ဆီယမ် (Ca) နှင့် တိုက်တေနီယမ် (Ti) ကြားတွင် နေရာလွတ် တစ်နေရာနှင့် သွပ် (Zn) နှင့် အာဆင်းနစ် (As) ကြားတွင် နေရာလွတ် ၂ နေရာ ချန်လှပ်ထားခဲ့သည်။ အလျားလိုက် ထောင်လိုက် ၎င်းအပြင် ထောင့်ဖြတ် ဆက်စပ်မှုတို့ကို ထောက်ထားပြီးလျှင် ယင်းနေရာလွတ်များတွင် ရှိရမည့် ဒြပ်စင်တို့၏ ဂုဏ်သတ္တိများကို ကြိုတင်၍ မန်းဒယ်လီးယပ် ပြောပြနိုင်ခဲ့သည်။ ထိုသို့ ပြောကြားပြီးနောက် မကြာမှီ ယင်းနေရာလွတ်များတွင် ရှိရမည့် ဒြပ်စင် ၃ ခုကို တွေ့ခဲ့သည်။ ယင်းတို့ကို စကန်ဒီယမ် (Sc) ၊ ဂယ်လီယမ် (Ga) ၊ ဂျာမေနီယမ် (Ge) ဟူ၍ အစဉ်လိုက် ခေါ်ဝေါ်ခဲ့သည်။ ယင်းသတ္တုများ၏ ဂုဏ်သတ္တိများသည် မန်းဒယ်လီးယပ် တင်ကြို၍ ပြောကြားထားသော ဂုဏ် သတ္တိများနှင့် အလွန်နီးစပ်သည်။ ဤအခြင်းအရာသည် အလှည့်ကျဇယား စနစ်ကျပုံကို အခိုင် အမာဆုံး အထောက်အထား ပေးခဲ့သည်။... More

ဆယ်စီယမ် (Cs) ၏ အက်တမ်အလေးဆသည် ၁၂၃.၄ ဖြစ်ကြောင်း ယခင်က ဘွန်ဆင် တွေ့ရှိခဲ့သည်။ ဤသို့ဖြစ်လျှင် ဆယ်စီယမ် နှင့် ရူဘီဒီယမ် (Rb) တို့၏ အလေးဆချင်း ကွာခြားမှု (Cs-Rb) သည် ၃၇.၉၅ ဖြစ်၏။ သို့ရာတွင် ပက်တင်ကော့ဖာ၏ လေ့လာမှု အရ Cs နှင့် Rb တို့၏ အက်တက် အလေးဆ ကွာခြားမှုအမှန်သည် Rb နှင့် K အက်တွင်အလေးဆတို့ ကွားခြားမှု (Rb-K) ၄၃.၃၅ နီးပါး ရှိရမည်။ ဆယ်စီယမ်၏ အလေးဆကို ပြန်လည်ရှာသောအခါ ယင်းသည် ၁၃၂.၉၀၅ ဖြစ်ကြောင်း တွေ့ရှိရပြီး Cs-Rb=၄၇.၄၄ ဟူသော ကွာခြားမှုရှိကြောင်း တွေ့ရသည်။... More

အလှည့်ကျဇယားသည် ဓာတုဗေဒ အချက်အလက် အသေးစိတ်များကို စနစ်တကျ ထားခြင်းဖြင့် ဆက်စပ်မှု ကင်းမဲ့သော အကြောင်း အခြင်းအရာ အများအပြားကို လွယ်လင့်တကူ စုပေါင်း ရယူနိုင်သည်။
ဒြပ်စင်တစ်ခု၏ ညီမျှကိန်းမှ ယင်းအက်တမ် အလေးဆအမှတ်ကို တွက်ယူနိုင်စေရန် ဗေလင်စီ (Valency) မှန်ကို ပြဌာန်းနိုင်သည်။ အင်ဒီယမ် (Indium) ၊ ဗယ်ရီလီယမ် (Beryllium)၊ ယူရေနီယမ် (Uranium) တို့၏ အက်တမ် အလေးဆမှန်များကို ဤနည်းဖြင့် တွက်ယူရရှိသည်။
အင်ဒီယမ် (In) ၏ ညီမျှကိန်းသည် ၃၈.၂၇ ဖြစ်သည်။ ယင်းအောက်ဆိုဒ် ဖွဲ့စည်းပုံသင်္ကေတ ကို InO ဟု ပထမ ယူဆထားသည်။ သိုဖြစ်လျှင် In ၏ ဗေလင်စီသည် ၂ ဖြစ်၍ ယင်း၏ အက်တမ်အလေးဆသည် ၇၆.၅၄ ဖြစ်ရမည်။ သိုဖြစ်လျှင် In သည် အလှည့်ကျဇယား၌ အာဆင်းနစ် (As) နှင့် ဆီလီယမ် (Se) တို့ကြားတွင် ရှိရမည်။ သို့သော် အာဆင်းနစ် နှင့် ဆီလီယမ် ကြားတွင် ဒြပ်စင် တစ်ခုမှ မရှိနိုင်ချေ။ အင်ဒီယမ်သည် အာဆင်းနစ် နှင့် ဆီလီယမ်တို့ ကြားတွင်ရှိသော် ယင်း၏ ဂုဏ်သတ္တိများသည် အာဆင်းနစ် နှင့် ဆီလီယမ်တို့၏ ဂုဏ်သတ္တိများကြားတွင် ရှိရမည်။ သို့သော် ဤကဲ့သို့မဟုတ်ချေ။ အင်ဒီယမ်သည် အာဆင်းနစ် နှင့် ဆီလီယမ် ၂ ခုလုံးထက် ဗေ့စ်ဂုဏ်သတ္တိ (Basicity) ပိုသည်။ ထိုအခါ အင်ဒီယမ်၏ ဗေလင်စီသည် ၃ ဖြစ်ရမည်ဟု လိုသာမေယာ(Julius Lothar Meyer) က အကြံပေးခဲ့သည်။ ထိုသို့ဖြစ်လျှင် ယင်း၏အက်တမ် အလေးဆသည် ၁၁၄.၈ ဖြစ်မည်။ ဤအလေးဆပေါ် မူတည်၍ ယင်းသည် ကက်ဒမီယမ် (Cd) နှင့် သံဖြူ (Sn) တွင် ကျရောက်သည်။ ကက်ဒမီယမ် နှင့် သံဖြူကြား၌ အင်ဒီယမ်အတွက် အုပ်စု ၃ (III) တွင် နေရာလွတ် တစ်ခု ရှိသည်။ အင်ဒီယမ်သည် ကက်ဒမီယမ်လောက် ဗေ့စ်ဂုဏ်သတ္တိ မပြင်းသော်လည်း သံဖြူထက် ဗေ့စ်ဂုဏ်သတ္တိ ပိုသည်။ သို့ဖြစ်၍ ယင်းသည် ကက်ဒမီယမ် နှင် သံဖြူတို့ကြားတွင် ရှိနိုင်သည်။ ထို့ပြင် အင်ဒီယမ်သည် အုပ်စု ၃ (III) တွင် ပါဝင်သည့် ဂယ်လီယမ် (Ga) နှင့် သယ်လီယမ် (Tl) ဒြပ်စင်တို့နှင့် ဆင်တူသော ဓာတ်ဂုဏ်သတ္တိ များလည်း ရှိသည်။ ဘွန်ဆင်(Robert Wilhelm Eberhard Bunsen) က အင်ဒီယမ်၏ အပူဆ(Specific Heat) သည် ၀.၀၅၇ ဖြစ်ကြောင်း ရှာတွေ့ပြီးနောက် ယင်းဒြပ်စင်၏ အက်တမ်အလေးဆ ၁၁၄.၈ ဖြစ်သည်မှာ မှန်ကန်ကြောင်း အတိအလင်း ဖော်ပြခဲ့လေသည်။
ဗယ်ရီလီယမ်၏ (Be) ၏ ညီမျှကိန်းသည် ၄.၅၅ ဖြစ်သည်။ ဗယ်ရီလီယမ်၏ အောက်ဆိုဒ်နှင့် ဆာလဖိတ် တို့သည် သက်ဆိုင်ရာ အလူမီနီယမ် ၏ ဒြပ်ပေါင်းများနှင့် ပုံဆောင်ခဲ ပွင့်ပုံတူသည်။ ဤသို့ တူခြင်းက ဗယ်ရီလီယမ်၏ ဗေလင်စီသည် ၃ ဖြစ်ကြောင်းကိုပြသည်။ သို့ဖြစ်လျှင် ယင်း၏ အက်တမ် အလေးဆသည် ၁၃.၆၅ ဖြစ်မည်။ ဗယ်ရီလီယမ်၏ အပူဆ(Specific Heat) သည် ၀.၄၀၇၉ ဖြစ်ကြောင်း တွေ့ရသဖြင့် ယင်း၏ ဗေလင်စီ ၃ သည် မှန်ကန်ကြောင်းကို အထောက်အကူပြုသည်။ ဗယ်ရီလီယမ်၏ အက်တမ်အလေးဆ ၁၃.၆၅ ဖြစ်ခြင်းကြောင့် ယင်းသည် ကာဗွန် (C) နှင့် နိုက်ထရိုဂျင် (N) ကြားတွင် ရှိရမည်။ သို့ရာတွင် ကာဗွန်သည် အုပ်စု ၄ (IV) ၌ လည်းကောင်း နိုက်ထရိုဂျင်သည် အုပ်စု ၅ (V) ၌ လည်းကောင်း ရှိရမည်ဟု မန်ဒယ်လီးယပ်က ယူဆပြီး ဖြစ်သည်။ ထို့ကြောင့် ကာဗွန်နှင့် နိုက်ထရိုဂျင်တို့ထက် ဗေ့စ်ဂုဏ်သတ္တိ ပို၍ ပြင်း သောကြောင့် ထိုဒြပ်စင်နှစ်ခုကြားတွင် ယင်းကို မသွင်းနိုင်ချေ။ ဗယ်ရီလီယမ်၏ ဂုဏ်သတ္တိများသည် လစ်သီယမ် (Li) နှင့် ဘိုရွန် (B) အကြား အုပ်စု ၂ (II) ၌ နေရာလွတ် တစ်နေရာရှိလေရာ ဗယ်ရီလီယမ်ကို အုပ်စု ၂ (II) ၌ မန်းဒယ်လီးယပ် ထည့်သွင်းခဲ့သည်။ ထိုသို့ အုပ်စု ၂ (II) တွင် ကျရောက်နေသောကြောင့် အက်တမ် အလေးဆသည် ၉ ဖြစ်၏။ ယင်း၏ အပူဆကို အသေအချာ သိရသောအခါ အက်တမ် အလေးဆ ၉ သည် မှန်ကန်ကြောင်းတွေ့ရသည်။... More

ဒြပ်စင်တို့ကို ယင်းတို့၏ အက်တမ်အမှတ်စဉ် (atomic number) အလိုက် ငယ်စဉ်ကြီးလိုက် အောက်တွင် ဖော်ပြထားသည့် အတိုင်း စီစဉ်ထားသည်။ ဤဇယားတွင် “ဒေါင်လိုက် အုပ်စုများ” (Vertical Groups) ၁၈ ခုရှိပြီး “အလျားလိုက်အပိုင်းများ” (Horizontal Periods) ၇ ခုပါရှိပါသည်။ ဤသို့ ဒေါင်လိုက် အုပ်စုများ ၁၈ ခုရှိရသည့် အကြောင်းမှာ အပိုင်း ၄ (Period 4) နှင့် ၅ (Period 5) တို့တွင် ပါဝင်သော ဒြပ်စင်အရေအတွက် ၁၈ ခုနှင့် တူညီအောင် လုပ်ထားခြင်းကြောင့် ဖြစ်သည်။ မန်းဒယ်လီးယပ်၏ အလှည့်ကျဇယားတွင် အပိုင်း ၇ (7 Periods) ခုရှိသည့် အတွက် ယခု ဇယားရှည့်တွင် အလျားလိုက် အပိုင်း ၇ ခုထားရသည်။ အပိုင်းတစ်ခုစီမှ ဒြပ်စင်တို့ကို အလျားလိုက် အစဉ် တစ်ခုစီတွင် ချထား၍ သက်ဆိုင်ရာ အစွမ်းမဲ့ဓာတ်ငွေ့များ (Inert or Noble Gases) ကို အပိုင်း၏ အဆုံး အုပ်စုနံပါတ် ၁၈ တွင် ကျရောက်စေသည်။ အပိုင်း ၆ [...]

CHEMIX Chemistry Software

Posted by adminmuctr On Jan - 30 - 2012 Add Comments

ဓါတုဗေဒနဲ့ ပတ်သက်တဲ့ ဆော့ဝဲလ်တစ်ခုလောက် ရှယ်ပေးချင်ပါတယ်။ CHEMIX ဆိုတဲ့ ဆော့ဝဲလ်ပါပဲ။ free အသုံးပြုလို့ ရသလို 1.42 MB ပဲရှိပါတယ်။ ဒြပ်စင်များနဲ့ သက်ဆိုင်တဲ့ အချက်အလက်တော်တော်များများကို အလွယ်တကူ သိရှိနိုင်မှာဖြစ်ပါတယ်။ သို့ပေမဲ့ ဒြပ်စင် အမှတ်စဉ် ၁ မှ ၁၀၃ ထိပဲ အသုံးပြုနိုင်ပါသေးတယ်။ (အကုန်လုံး မစုံသေးပါဘူး)။ ဒြပ်စင် တစ်ခုချင်းစီ၏ အကြောင်းအရာ အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေးထားပါတယ်။ သိရှိနိုင်မည့် အချက်အလက်များမှာ (၁၈ ) မျိုးရှိပါတယ်။

Sponsors