Radiation ဖြစ်ပေါ်ခြင်းဆိုသည်မှာ ရေဒီယိုဒြပ်သတ္တုကြွ နူးကလိရပ်စ် တွေ မှ Alpha particles, Beta particles နှင့် Gamma rays များထုတ်လွှတ်ပေးခြင်းဖြစ်သည်။ Alpha particles ထုတ်လွှတ်ခြင်း တွင့် ပရိုတွန် ၂ လုံး နူတွန် ၂ လုံးပါဝင်သည့် helium (4He2) အက်တမ်၏ နူးကလိရပ်စ် တစ်ခုပင်ဖြစ်သည်။ 226Ra ကိုကြည့် လျှင်၎င်းတွင် ပရိုတွန် ၈၈ လုံးနှင့် နျူထရွန် ၁၃၈ ပါဝင်သည်။ ၎င်း နျူးကလိယပ်စ်မှ Alpha particle တစ်လုံးထုတ်ပေးသောအခါ (Alpha decay ဖြစ်သောအခါ) နျူထရွန် နှစ်လုံးနှင့် ပရိုတွန် နှစ်လုံး ထွက်သွားပြီး အခြား နျူးကလိယပ်စ် အဖြစ် ပြောင်းလဲသွားသည်။... More
Archive for October, 2008
ဟိုက်ဒြိုဂျင်အက်တမ် (1H1) မှအပ တစ်ခြားသော အက်တမ် အားလုံး၏ နျူးကလိရပ်စ်များတွင် တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော ပရိုတွန် နှင့် နျူထရွန် ပါဝင်ကြသည်။ ဥပမာ – 12C6 ၎င်း ကာဗွန် အက်တမ်သည် နျူထရွန် ခြောက်လုံးနှင့် ပရိုတွန်ခြောက်လုံး ပါဝင်ပြီး Stable အဖြစ် တည်ရှိနေသည်။
များသောအားဖြင့် အက်တမ်များ သူတို့ကိုယ်တိုင် ပြောင်းလဲခြင်းမရှိပါက ၎င်းတို့သည် Stable ဖြစ်ကြသည်။ ထိုကဲ့သို့သာ အမြဲတမ်းပုံသေ ဖြစ်နေခဲ့မယ်ဆိုရင် ကာဗွန် Nucleus တွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယခုတိုင် ပြောင်လဲခြင်းမရှိ ဖြစ်တည် နေကြမည်သာ ဖြစ်သည်။ သို့သော်လည်း တစ်ချို့သော Nucleus တို့သည် Unstable အဖြစ်သာတည်ရှိနေကြသည်။... More
ရေဒီယိုသတ္တုကြွ ပစ္စည်းများ ပျက်စီးယို့ယွင်းခြင်း ဆိုသည်မှာ Unstable ဖြစ်နေသော Atomic Nucleus များမှ Ionizing Particles နှင့် Radiation များထုတ်လွှတ်ခြင်းဖြင့် စွမ်းအင်ဆုံးရှုံးသွားပြီး နောက်ထပ် Nucleus အသစ်ကို ဖြစ်ပေါ်စေသည်။ ၎င်းကို ရေဒီယိုဒြပ်သတ္တုကြွ ပျက်စီး ယို့ယွင်းခြင်း ဖြစ်စဉ် (Radioactive Decay) ဟုခေါ်သည်။... More
ရေဒီယိုသတ္တုကြွ ယို့ယွင်းပျက်စီး ခြင်းတွင် အသစ် ဖြစ်သွားသော Product နျူးကလိယပ်စ် သည် Excited State တွင် တည်ရှိသည်။ ၎င်း Excited Nucleus သည် Unstable အဖြစ် တည်ရှိပြီး ပိုနေသော စွမ်းအင် (Energy) များကို Gamma Rays အဖြစ်ထုတ်ပေး ခြင်းဖြင့် Ground State သို့ရောက်ရှိသွားသည်။ တစ်နည်းအားဖြစ် Stable ဖြစ်သွားသည်။ထိုကဲ့သို့ ဖြစ်ပွားသော မတည်ငြိမ်သော အခြေအနေကို Metastable State ဟုခေါ်ပြီး ‘ m ’ သင်္ကေတဖြင့် Mass Number နောက်တွင် ရေးသားဖော်ပြသည်။... More


RSS
Twitter