ကျနော်တို့ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို website မှသည် offline သုံးအဖြစ် ဖန်တီးလိုက်ပါပြီ။ low connection များအတွက် download ရာတွင် အဆင်ပြေစေရန် ဖိုင်ဆိုဒ်သေးငယ်ခြင်း၊ လူတိုင်းအသုံးပြုနိုင်အောင် လွယ်ကူခြင်း၊ ရှင်းလင်းသန့်ရပ်ပြီး စာဖတ်ရန် နှင့် ကူးယူရန် ကောင်းမွန်ခြင်း၊ hardware & software လိုအပ်ချက် အနည်းဆုံးနှင့် ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူခြင်း စသော အချက်များကို အဓိကထား ပြုလုပ်ခဲ့ပါတယ်။ ထိုအချက် အားလုံးနဲ့ ကိုက်ညီစေရန်အတွက် software ထက် အဆင်ပြေသော html help file (*.chm) ဖိုင်အမျိုးအစားဖြင့် ပြုလုပ်ထားပါတယ်။ pdf ထက် အဆများစွာ သာလွန်ကောင်းမွန်တဲ့ .chm ဖိုင်ရဲ့ ထူးခြားချက်များကို တင်ပြပါ့မယ်။ ထူးခြားချက်တွေကို ဖတ်ရှူလိုက်ရုံနဲ့ periodic table.chm ရဲ့ အသုံးပြုနည်းကိုပါ တခါတည်း နားလည်သွားမှာပါ။
1. chm ဖိုင်သည် windows ၏ help စာသားများ နှင့် ပုံများကို ပြသနိုင်ရန် ပြုလုပ်ထားသော ဖိုင်အမျိုးအစားဖြစ်၍ windows တစ်ခုခု သုံးထားရုံနှင့် မည်သည့် အကူ software မှ မလိုပဲ ဖွင့်နိုင်ပါတယ်။ (pdf ကဲ့သို့ reader မလိုပါ။ သို့သော် windows OS မဟုတ်ပဲ Linux ကဲ့သို့သော other OS များအတွက် reader လိုပါတယ်)။
2. အသုံးပြုရာတွင် လေးလံခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းများ မရှိပဲ၊ pdf ထက် ပို၍ပေါ့ပါးကာ မည်သည့် windows, မည်သည့် PC တွင် မဆို ဖတ်ရှူနိုင်ပါတယ်။
3. အောက်ပုံတွင် မြင်ရသည့်အတိုင်း ကောင်းမွန်သော ဓါတ်ပုံ၊ စာလုံးအရေအသွေးများအပြင်၊ select လုပ် ကူးယူခြင်းများတွင် လွယ်ကူကြောင်း တွေ့ပါလိမ့်မယ်။
4. ဒုတိယ စာမျက်နှာသည် web page (သို့) software ကဲ့သို့သော ဒြပ်စင်ဇယား ဖြစ်ပါတယ်။ website တွင် အသုံးပြုသည့်အတိုင်း သိလိုသည့် ဒြပ်စင်ကို click ကာ ထိုဒြပ်စင်အကြောင်းကို ဖတ်ရှူနိုင်ပြီး၊ ဒြပ်စင်အလှည့်ကျဇယား ဆိုင်ရာ အခေါ်အဝေါ်များ၊ သမိုင်းကြောင်းများကိုလည်း မြန်မာဘာသာဖြင့် ဖတ်ရှူနိုင်ပါတယ်။
5. ဒြပ်စင်အမျိုးအစား အုပ်စုခွဲများအလိုက် dtree menu ပုံစံဖြင့် ပြုလုပ်ထားပြီး ရှင်းလင်းစွာ ရှာဖွေဖတ်ရှူနိုင်ပါတယ်။
6. ပုံတွင် ၀ိုင်းပြထားသည့် Index ကိုနှိပ်ကာ atomic နံပါတ်စဉ်အလိုက် ရှာဖွေ ဖတ်ရှူနိုင်ပါတယ်။
7. ဒြပ်စင် အမည်ကိုသော်လည်းကောင်း၊ အမှတ်စဉ်ကိုသော်လည်းကောင်း Search box တွင် ရိုက်သွင်းရှာဖွေခြင်းဖြင့်လည်း ဖတ်ရှူနိုင်ပါတယ်။
8. ပို့စ်အတွင်းမှ ပုံများကို point လုပ်ပါက web page များအတိုင်း ပုံ၏ အမည်ကို ပြပါလိမ့်မယ်။
9. ထိုပုံများကို နှိပ်ပါက ပုံဆိုဒ် ရှိသ၍ ပုံကြီးချဲ့ပြပါလိမ့်မယ်။
10. ထိုမျှ စုံလင်လှပသော ဖိုင်တွဲကို စာမျက်နှာ ၁၄၇ မျက်နှာဖြင့် ဖွဲ့စည်းထားပြီး၊ ဓါတ်ပုံများ၊ လင့်များ၊ အုပ်စု ဖွဲ့တည်မှုများ ပါဝင်သည့်တိုင် ဖိုင်အရွယ်အစားမှာ 762 KB သာလျှင်ရှိပါတယ်။
1 MB မပြည့်တဲ့ chm ဖိုင်လေး တစ်ဖိုင်က သိမ်းဆည်း ကူးယူခြင်းများတွင် လွယ်ကူသည့်အပြင် မည်သည့် PC ဖြင့်မဆို အလွယ်တကူ ဖတ်ရှူနိုင်ခြင်းကြောင့် ဓါတုဗေဒ နှင့် မလွတ်ကင်းသူတိုင်းကို အထောက်အကူပေးနိုင်ပါလိမ့်မယ်။ လုံးဝပြည့်စုံပြီလို့ မပြောနိုင်ပေမယ့် အားလုံးအတွက် အဆင်ပြေဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။ အားနည်းချက် ရှိသည်များကိုလည်း အလျင်းသင့်သလို အယ်ဒီတာမှ ပြင်ဆင်သွားပါ့မယ်။ စာအုပ်မျက်နှာဖုံးမှ update day ကို ကြည့်ရှူပြီး စာအုပ် version ကို သိနိုင်ပါတယ်။ တစ်ခါ update လုပ်တိုင်း တစ်ခါပြန်ဒေါင်းရတယ်ဆိုပေမယ့် ဖိုင်အရွယ်အစားက သေးငယ်လွန်းတဲ့အတွက် သိပ်စဉ်းစားစရာမရှိပါဘူး။ အားလုံးအတွက် အဆင်ပြေမှာပါ။
Download ==> Periodic Table (MUCTR)












RSS
Twitter
[...] ဒီ chm ဖိုင်အဖြစ် ပြုလုပ်ဖြစ်ပါတယ်။ ဒီလင့်မှာ offline periodic table (မြန်မာဘာသာ) ရဲ့ ထူးခြားချက်တွေ အသုံးပြုနည်းတွေ [...]
Good Job.
Can I change *chm* to *pdf*. How to change
some project need to change PDF file type.
whatever thank you BR0
ကျေးဇူးအများကြီးတင်ပါတယ်ခဗျာ…
ဟုတ်ကဲ့..fonts တွေမပေါ်လို့ပါ။ အကြံပြုပါဦး။ ကျေးဇူးတင်ပါတယ်။