အားလုံးအတွက် အသုံးဝင်သော အဘိဓာန်များနဲ့ ဘာသာပြန် ဆော့ဖ်ဝဲများအား ရယူအသုံးပြုနိုင်စေရန် စုစည်းတင်ပြပေးလိုက် ပါတယ်။ ဘာသာစကား၊ ဘာသာရပ်နှင့် နည်းပညာ စသည့်နယ်ပယ် အသီးသီးအတွက် လေ့လာသင်ကြား ဖတ်ရူ့ရေးသားရာတွင် အသုံးတည့် လိုအပ်သော ဆော့ဖ်ဝဲများဖြစ်ပါတယ်။လိုအပ်သော အဆင်ပြေရာများကို ရွေးချယ် ရယူအသုံးပြုနိုင်ပါတယ်။
(၁) ကိုစိုးမင်း ရဲ့ အင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် အဘိဓာန်
~သုံးရအလွယ်ကူဆုံး အဆင်ပြေဆုံး အဘိဓာန်လေးပါ။ ဒီနေရာမှာ တင်ပေးထားခဲ့ပီးပါပီ ။ ဒါကတော့ ကိုစိုးမင်း အဘိဓာန် (Portable ) ပါ။
(၂) မြန်မာ – အင်္ဂလိပ် အဘိဓာန်
မြန်မာစာအဖွဲက ထုတ်ဝေတဲ့ မြန်မာ – အင်္ဂလိပ် အဘိဓာန်ဖြစ်ပါတယ်။ ဒီအဘိဓာန်ကို သုံးကြည့်မှ မြန်မာဘာသာဟာ တော်တော်ခက်ခဲတဲ့ ဘာသာရပ်ဆိုတာ သိလိုက်ရပါတယ်။ မြန်မာလူမျိုးတစ်ယောက် စကားပြောတတ်စ အရွယ်ကတည်းက သိကျွမ်းလာခဲ့တဲ့ မိခင်ဘာသာ ဝေါဟာရတွေ ဘယ်လောက်ကြွယ်ဝခဲ့ပီလဲ သိချင်ရင် ဒီ အဘီဓာန်လေး သုံးကြည့်ပါ။ ပါဠိ ၊ ရှေးခေတ် အသုံးအနှုန်း ၊ ရိုးရာဝေါဟာရများ ၊စကားပုံများ ၊ ဝေါဟာရ အတိုအစများ ၊ဘမ်းစကားများအစရှိတဲ့ ကျွန်တော်တို့ မသိကျွမ်း မကြားဖူးသေးတဲ့ စကားလုံးများစွာကို လေ့လာနိုင်ပါတယ်။
အဘိဓာန်အကြောင်းလေး ဖတ်ပေးပါ ~~~

Download Myanmar – English Dictionary
(၃) Lingoes (online/offline Translation Software)
Lingoes ကတော့ လင့်တစ်ခုတည်းမှ ဘာသာစကားများစွာကို အပြန်အလှန် ဘာသာပြန်ပေးနိုင်တဲ့ ပရိုဂရမ်တစ်ခု ပါ။ လက်ရှိ အသုံးပြုနေကြသော Babylon ကဲ့သို့ online/offline အသုံးပြုနိုင်သော အဘိဓာန် ဘာသာပြန် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။Lingoes ရဲ့ အားသာချက်များကတော့ Freeware ဖြစ်ခြင်း၊ အင်တာနက်မဲ့ (offline) တွင် လွယ်ကူစွာအသုံးပြုနိုင်ခြင်း ၊ ရိုးရှင်းတိကျသော အဓိပ္ပါယ်ဖွင်ဆိုချက်များပြသပေးနိုင်ခြင်း ၊ ဘာသာစကားအမျိုးမျိုးအတွက် အဘိဓာန်များအား လွယ်ကူ လွတ်လပ်စွာ ဒေါင်းလုဒ်ချ ထည့်သွင်းအသုံးပြုနိုင်ခြင်း ၊ online ဖြစ်ပါက စာပိုဒ်လိုက် ဘာသာပြန်ခြင်းများကို မိမိနှစ်သက်ရာ ဘာသာပြန်လင့်များ (google,yahoo,…..) မှ မြန်ဆန်စွာ ဘာသာပြန်နိုင်ခြင်း ၊ ဘာသာပြန်ခြင်းများသာမက အခြား ဘာသာရပ်နယ်ပယ်များအတွက် converters,tables,calculator , codes စသဖြင့် များစွာသော ချိတ်ဆက်အသုံးပြုစရာ tool များ ထည့်သွင်းပေးထားခြင်း ။ တစ်ခုရှိယုံမျှဖြင့် ဘက်စုံအသုံးပြုနိုင်သော ဆော့ဖ်ဝဲဖြစ်ပါတယ်။
Lingoes ရယူရန် ……

Download Lingoes 2.7.1( from Brothersoft)
Download Lingoes 2.7.1(Portable )
Lingoes 2.7.1 အား Install လုပ်ပီး မြင်ရပုံ
(1) - ရရှိနိုင်သော lingoes.net မှ ရရှိနိုင်သော အဘိဓာန်များအား တိုက်ရိုက် ဒေါင်းလုဒ်ချ Install အသုံးပြုနိုင်ပါတယ် ။ တစ်ခုချင်းစီအတွက် ဒေါင်းလုဒ်ချရန် နေရာ သုံးခုစီ ပေးပါတယ်။ From SkyDrive ဆိုသည့် ဒေါင်းလုဒ်လင့်ကတော့ ဒေါင်းလို့အဆင်ပြေဆုံးပါ။ ဖိုင်များမှာ .ld2 ဖိုင်များဖြစ်ပါတယ် ။ lingoes softwares အား Install ပြီးပါက ကျန် Dictionary (ld2 files) များအား ကလစ် နှစ်ချက်နှိပ်ရုံဖြင့် သွင်းနိုင်ပါတယ်။ သွင်းပီးပါက သွင်းလိုက်သော Dictionary ကို “Index Group” ထဲမှာတွေ့ ရပါမယ်။ လိုအပ်သလိုခေါ်ယူအသုံးပြုနိုင်ပါတယ်။ သိလိုသော စကားလုံးအား အပေါ်မှ Search box (bar) ထဲတွင်ရိုက်ပါက သက်ဆိုင်ရာ အဘိဓာန်များအလိုက် ဘာသာပြန်ဆိုမှုကို စာမျက်နှာပေါ်တွင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။မိမိလိုအပ်သော အဘိဓာန်များအား lingo.net တွင် သွားရောက် ဒေါင်းလုဒ်ချနိုင်ပါတယ်။ဘာသာစကား၃၅ မျိုးနှင့် အဘိဓာန်ပေါင်း သုံးရာကျော် ရှိပါတယ်။ ဘာသာစကားနယ်ပယ်၊သချာင်္၊ရူပဗေဒ၊ဓာတုဗေဒ၊အင်ဂျင်နီယာ၊ ဆေးပညာ၊ကွန်ပြူတာ အစရှိသည့် နယ်ပယ်အမျိုးမျိုးအတွက် အဘိဓာန်တွေ အများကြီး ကွန်ပြူတာမှာ Install လုပ်စရာမလိုပဲ၊ တစ်ခုတည်းမှာ ကလစ်တစ်ချက်နှိပ် လေ့လာနိုင်ပီပေါ့၊ အလွယ်တကူလိုချင်ရင်တော့ အောက်မှာ ဒေါင်လုဒ်ချထားတဲ့ အင်္ဂလိပ်အဘိဓာန်ဖိုင်များကို စုစည်းတင်ပေးလိုက်ပါတယ်။ Offline သုံးများဖြစ်ပါတယ်။
ပါဝင်သည့်အဘိဓာန်များ -
- Word Parts Dictionary
- Word Orgins Dictionary
- Oil and Gas Field Glossary Dictionary
- English-Armenian (Western) Dictionary
- Microsoft Computer Dictionary
- Latin – English Inflected Dictionary
- Internet Domains Suffixes Dictionary
- Glossary of Petroleum Industry Dictionary
- File Extension Dictionary Dictionary
- Dictionary of English Abbreviations
- Computer File Type Dictionary
- WordNet English Dictionary
- Universal English-Russian Dictionary
- Universal Russian-English Dictionary
- Vicon English-Russian Dictionary
- Vicon Russian-English Dictionary
- Building Russian-English Dictionary

Download Lingoes English Dictionary Collections
<or>
Download Lingoes English Dictionary Collections
Lingoes အား Wikipedia နှင့် တွဲဖက်အသုံးပြုခြင်း
Lingoes ရဲ့ အကောင်းဆုံးသော လုပ်ဆောင်နိုင်ချက်ပါပဲ။ အွန်လိုင်းစွယ်စုံကျမ်း အဘိဓာန်ကြီး Wikipedia အား online မှာသာမက offline မှာပါ အသုံးပြုနိုင်ပါတယ်။ online အတွက် လင့်ချိတ်ဆက် ပေးထားခြင်းဖြင့် အသုံးပြုနိုင်သကဲ့သို့ ၊ offline အတွက်လည်း လွယ်ကူရှင်းလင်းတိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို တွေ့မြင်နိုင်ပါတယ်။
Wikipedia English – English (For Lingoes ) ရယူရန် ~~~

Download Wikipedia English (From Brothersoft)
Wikipedia နှင့် လုပ်ဆောင်ချက်က ဒီလို ~~
Appendices Tool များအသုံးပြုခြင်း ~~~
1. Currency Converter (online)
လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ငွေကြေးဈေးများ အချိန်နှင့် တပြေးညီ တွက်ချက်နိုင်ခြင်း ။
2.Weights & Measures Converter (offline)
တစ်ချိန်လုံး ကျက်မှတ်လေ့လာပီး မမှတ်မိနိုင်တဲ့ ယူနစ် အပြောင်းအလဲပြသနာများအတွက် လုံးဝ ကြောက်စရာမလို့တော့။
3.International Dialing Codes
ကမ္ဘာ့နိုင်ငံအသီးသီး၊မြို့အသီးသီးတို့ရဲ့ ဖုန်းကုဒ်များ


4. International Time Zone Converter
ကမ္ဘာ့ဒေသအသီးသီးရဲ့ ခုနှစ်သက္ကရဇ် အချိန် နာရီ နေ့ရက် စက္ကန့်ကအစ ကလစ်တစ်ချက်ဖြင့် အားလုံးသိနိုင်ခြင်း။
5.Periodic Table of the Elements
ရိုးရှင်းလွယ်ကူစွာ တွက်ချက်ပေးထားတဲ့ ဒြပ်စင်အလှည့်ကျဇယား
6.Calculator
အခြားTool များကိုလည်း ဒေါင်းလုဒ်ချ ထည့်သွင်းအသုံးပြုနိုင်ပါတယ် ….
(၄) Babylon
-
- ပါဝင်သည့်ဆော့ဖ်ဝဲများ
- Babylon 9.0 Full Final (with Patch)
- Padonma english – myanmar Dictionary

Download Babylon 9.0(with_Patch) + Padonmar english-myanmar Dictionary
Patch ဖိုင်နှင့် အဆင်မပြေခဲ့လျှင် အောက်မှာ Babylon 8 Professional ကို ယူပါ။ အထဲမှာ License Key ပါ ပါတယ်။
Download Babylon 8 Pro with License
Expire ဖြစ်ဖြစ်သွားပီး ခဏခဏ ဖြုတ်လိုက် ပြန်တင်လိုက်လုပ်ရတဲ့ပြသနာကြောင့် အခက်အခဲဖြစ်ပေမဲ့ Patch/Crack/License Key ကောင်းကောင်းလေးတွေနဲ့ အဆင်ပြေသွားပြန်တော့လည်း တော်တော်လေးကို အဖိုးတန်တဲ့ Application ပါ။ ဘာသာစကားမျိုးစုံအတွက် Babylon တစ်ခုရှိယုံနဲ့ လုံလောက်ပါတယ်။ အားလုံးရင်းနှီးပီးသားဖြစ်လို့ အကျယ်တဝင့်မရှင်းပြတော့ပါဘူး။ အကြိုက်ဆုံး အကောင်းဆုံး စွမ်းဆောင်ချက်ကို ပြောပါဆိုရင်တော့ ဘာသာရပ် နယ်ပယ်များစွာအတွက် သီးသန့်ဖြစ်တဲ့ အဘိဓာန်တွေကို Offline မှာအသုံးပြုနိုင်ခြင်းပါ။ ဘယ်လိုသီးသန့်လဲဆိုတော့ ဓာတုဗေဒဘာသာရပ် တစ်ခုတည်းမှတောင် အခြေခံဓာတုဗေဒအဘိဓာန်၊ နယူးကလီးယားဓာတုဗေဒအဘိဓာန်၊ ရူပဓာတု အစရှိတဲ့ ဆင့်ပွားဘာသာရပ်ခွဲများအတွက် အဘိဓာန်များကို အသုံးပြုနိုင်ခြင်းပါ။ ရိုးရိုးအဘိဓာန်တွေမှာဆို စကားလုံးတစ်လုံးရဲ့ ယေဘူယျကျတဲ့ အဓိပ္ပါယ်ကိုသာ ပြန်ပေးနိုင်ပေမဲ့ ဒီသီးသန့်ဖြစ်တဲ့ အဘိဓာန်များမှာတော့ ကျယ်ဝန်းကွဲပြားခြားနားတဲ့ အနက်အဓိပ္ပာယ် (meaning) နှင့် အဓိပ္ပာယ်ရှင်းလင်းချက် (definition) ကို ဘာသာရပ်အလိုက် ကွဲပြားစွာတွေ့ရမှာပါ။
ဓာတုဗေဒ လေ့လာသူများအတွက် Babylon ရဲ့ English Dictionary တွေ စုစည်းတင်ပေးလိုက်ပါတယ်။ Babylon Setup ကို install ပြီးသည်နှင့် နှစ်သက်ရာ ဘာသာရပ်အဘိဓာန်များကို ကလစ်နှစ်ချက်နှိပ် သွင်းပီး အသုံးပြုနိုင်ပါပီ။ သေးငယ်ပေါ့ပါးပီး ရိုးရှင်းတိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်းများစွာကို လေ့လာနိုင်ပါတယ်။
ပါဝင်သည့် အဘိဓာန်များ ~~
- List Of Periodic Table Elements (General Chemistry Dictionary)
- Chemistry Of The Elements (General Chemistry Dictionary)
- Glossary Of Liquid Chromatographic Terms (Analytical Chemistry Dictionary )
- Chemical Engineering (Engineering Chemistry Dictionary)
- Electrochemistry Dictionary
- Chemistry Glossary Dictionary
- Minerals Dictionary (Inorganic and Organic Chemistry Dictionary)
- Mineralogy Database Dictionary
- Nuclear Energy Acronyms (Nuclear Chemistry Dictionary)
- NRC Nuclear Energy Glossary (Nuclear Chemistry Dictionary)
- Material Science Dictionary

Download Babylon Chemistry Dictionary Collections (19 MB)
ဆက်လက်ဖော်ပြပါအုံးမည် ~~












RSS
Twitter
အခုလိုတစ်နေရာတည်းမှာ အဘိဓာန်တွေရော၊ အသုံးဝင်မယ့် ဆော့ဝဲတွေကို တွေ့လိုက်ရတာ ပျော်လို့မဆုံးဘူး။ ဒေါင်းသွားပီနော်။ ကျေးဇူးကမ္ဘာပဲဗျာ။
နောက်ထပ်တင်ပေးမယ်ဆိုလို့ စောင့်နေတယ်။