ကျနော်တို့ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို website မှသည် offline သုံးအဖြစ် ဖန်တီးလိုက်ပါပြီ။ low connection များအတွက် download ရာတွင် အဆင်ပြေစေရန် ဖိုင်ဆိုဒ်သေးငယ်ခြင်း၊ လူတိုင်းအသုံးပြုနိုင်အောင် လွယ်ကူခြင်း၊ ရှင်းလင်းသန့်ရပ်ပြီး စာဖတ်ရန် နှင့် ကူးယူရန် ကောင်းမွန်ခြင်း၊ hardware & software လိုအပ်ချက် အနည်းဆုံးနှင့် ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူခြင်း စသော အချက်များကို အဓိကထား ပြုလုပ်ခဲ့ပါတယ်။ ထိုအချက် အားလုံးနဲ့ ကိုက်ညီစေရန်အတွက် software ထက် အဆင်ပြေသော html help file (*.chm) ဖိုင်အမျိုးအစားဖြင့် ပြုလုပ်ထားပါတယ်။ pdf ထက် အဆများစွာ သာလွန်ကောင်းမွန်တဲ့ .chm ဖိုင်ရဲ့ ထူးခြားချက်များကို တင်ပြပါ့မယ်။ ထူးခြားချက်တွေကို ဖတ်ရှူလိုက်ရုံနဲ့ periodic table.chm ရဲ့ အသုံးပြုနည်းကိုပါ တခါတည်း နားလည်သွားမှာပါ။... More
၁၈၆၉ တွင် ရုရှားဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) မှ ရာစုနစ် များစွာက တွေ့ရှိခဲ့ကြသည့် ဒြပ်စင်များအား ဓာတုဂုဏ်သတ္တိများပါဝင်သော ဒြပ်စင်အလှည့်ကျဇယား (periodic table) တစ်ခုအဖြစ် ရေးဆွဲထုတ်ဖော် ခဲ့သည်။ periodic table သည် သဘာဝ၏ ဥပဒေသများကို လိုက်နာကိုယ်စားပြုသည်။ အက်တမ် များ၏ အရေအတွက်ကို စီိစဉ်ပေးခြင်းအားဖြင့် တိကျသော ၄င်းတို့၏ ဂုဏ်သတ္တိများကို သိသာထင်ရှားစွာ မြင်သာ စေသည်။ ထို့ကြောင့် ဓာတုဒြပ်စင်များ၏အကြောင်းကို အလွယ်တကူ သိရှိနိုင်ပါသည်။... More
‘‘ဘ၀နောက်ခံသမိုင်းကျဉ်း’’
ရုရှား ဓါတုဗေဒ ပညာရှင် နှင့် တီထွင်သူ အဖြစ် ကျော်ကြားသော ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) သည် ဒြပ်စင်တို့ကို ယင်းတို့၏ အက်တမ် အရေအတွက် အလိုက် စဉ်ထားသော ဇယား၏ ပထမဆုံး မူလပုံစံကို ဖန်တီးခဲ့သူ အဖြစ် အသိအမှတ် ပြုခြင်း ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။ ရှာဖွေတွေ့ရှိ ပြီးသော ဒြပ်စင်တို့၏ ဂုဏ်သတ္တိများကို ဇယားအသုံးပြုခြင်းအားဖြင့် ကြိုတင် ခန့်မှန်း လေ့လာခဲ့သူ ဖြစ်သည်။... More


RSS
Twitter